ပဏာမ

ကျွန်ုပ်တို့၏ ဝက်ဆိုဒ်တွင် ပုံနှိပ်ရန် အော်ဒါမတင်ခင်တွင်  Register ပြုလုပ်ပြီး မှတ်ပုံတင်ရပါမည်။
Register ပြုလုပ်ရန် အောက်ပါအတိုင်းပြုလုပ်ပေးရပါမည်
 
- Login/ Register ကိုနှိပ်ပါ။
- Login box အောက်ခြေရှိ  New User?Register ကိုနှိပ်ပါ။
- Sign Up Form တွင်ပါသောအချက်အလက်များကို ဖြည့်ပါ။ Login ID အတွက် သင့် Email နှင့် စိတ်ကြိုက် လျှို့ဝှက်နံပါတ်ပေးပြီး Register ပြုလုပ်နိုင်ပါသည်။
 
သုံးစွဲသူများ လွယ်ကူစေရန် အဂ်လိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြပေးထားပါသည်။

Xenon Printing မှာ ဖောင်ဖြည့်ထားတဲ့ မိတ်ဆွေများအတွက် အခမဲ့ လိပ်စာကဒ် ၁၀၀ခု ကို Online မှ ကိုယ်တိုင် မှာကြားနိုင်ပါပြီ။ မှာကြားရန် အောက်ပါအဆင့်အတိုင်းဆောင်ရွက်ပါ

အဆင့် ၁ - www.xenonmm.com ကိုဝင်ပါ။

အဆင့် ၂ - Standard Business Cards - Promo ကိုရွေးပါ။ 

250GSM Artcard ကိုရွေးပါ

One Side ကိုရွေးပါ။ အရေအတွက်မှာ ၁၀၀ ကိုရွေးပါ။ ဝယ်ယူရန်စတင်ပါ Button ကိုနှိပ်ပါ။ 

ဒီဇိုင်းမရှိသေးသူများ Xenon Online Printing ရှိ အသင့်ရေးဆွဲပြီးလိပ်စာကဒ်ဒီဇိုင်းများ မှ လွယ်ကူစွာ ဒီဇိုင်းပြုလုပ်နိုင်ပါတယ်။

ဒီဇိုင်းရှိပြီးသူများ Upload မှ ဒီဇိုင်းများပေးပို့နိုင်ပါတယ်။ ဒီဇိုင်းတင်ပြီးလျင် အော်ဒါကို စစ်ဆေးပါ။ 

အဆင့် ၃ - Sign Up (Register) ပြုလုပ်ပါ။ လိုအပ်သောလိပ်စာများကိုဖြည့်ပါ။ Login ID အတွက် သင့် Email နှင့် စိတ်ကြိုက် လျှို့ဝှက်နံပါတ်ပေးပါ။

အဆင့် ၄ - ဝယ်ယူရန်စျေးဝယ်ခြင််းထဲသို့ထည့်ပါ။ Coupon Code တွင် FREE1BOX ကို ရိုက်ပြီး Redeem ကိုနှိပ်ပါ။ Business Card 100 ကို အခမဲ့ မှာယူနိုင်ပါပြီ။ အခမဲ့ ပို့ဆောင်ပေးပါမည်။

လုပ်ဆောင်ချက်များအတွက် အခက်အခဲရှိပါက Online Printing ရဲ့ Live Chat, FB Messanger (သိို့မဟုတ်) ဖုန်း 09428304444, 09428305555, 09428301111, 09977666888 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အွန်လိုင်းပုံနှိပ်စနစ်ဆိုသည်မှာပုံနှိပ်ခြင်းမပြုမီကြိုတင်စီစဉ်ရသည့်ပုံနှိပ်နည်းလမ်း၊ပုံနှိပ်ပစ္စည်း၊အချောသတ်လုပ်ငန်းစဉ်များနှင့်စျေးနှုန်းတွက်ချက်မှုများကိုအွန်လိုင်းစီစဉ်တွက်ချက်မှုပြုလုပ်ပြီးပုံနှိပ်လုပ်ငန်းသို့အွန်လိုင်းမှအပ်နှံခြင်းလုပ်ငန်းစဉ်ဖြစ်ပါသည်။ 

ရှင်းလင်းတဲ့အဆင့်ဆင့်နဲ့ဆောင်ရွက်ပေးနေပါသည်။

၁။ပုံနှိပ်ခြင်းရွေးခြယ်ရန်

၂။ဒီဇိုင်းပို့ရန် / ဒီဇိုင်းဆွဲရန်

၃။ငွေပေးချေရန်

၄။ပုံနှိပ်ပြီးပို့ဆောင်ပေးရန်

Xenon Online Printing solution သည် Customer များရဲ့ပုံနှိပ်ခြင်းလုပ်ငန်းစဉ်များကိုယခင်ကနဲ့မတူထိုင်ရာမထ online မှမှာယူနိုင်ပြီးမလိုလားအပ်သောလုပ်ငန်းလည်ပတ်မှုနှောင့်နှေးခြင်းများကိုဖယ်ရှားနိုင်ပါသည်။ 

Printing Agent များအတွက်လည်းအချို့သောပုံနှိပ်လုပ်ငန်းများအတွက်စက်များရင်းနှီးမြှုပ်နှံရန်မလိုအပ်ပဲ Xenon online printing တွင်တဆင့်အပ်နှံပြီးမှာယူနိုင်ပါသည်။

ထုတ်ကုန်များ

ဒီဝက်ဆိုဒ်မှာအဓိကထုတ်ကုန်လုပ်ငန်းစဉ် 12ခုနဲ့ထုတ်ကုန် 57 ခု ပါဝင်ပါသည်။ထင်ရှားတဲ့ထုတ်ကုန်တွေကတော့ :- လိပ်စာကဒ်၊ဗီနိုင်း၊လေဘယ်စတစ်ကာ၊ stand များနှင့်အခြားထုတ်ကုန်များစွာပါဝင်ပါသည်။

ဒီဇိုင်းပြုလုပ်ခြင်းနှင့်ထုတ်ကုန်ဒီဇိုင်းများပြင်ဆင်ခြင်းနှင့်ပုံနှိပ်ရန်အတွက်အောက်ပါရွေးခြယ်စရာခုရှိပါတယ်။

၁။ဒီဇိုင်းBrowseလုပ်ပါ။ (အသင့်ရေးဆွဲပြီးဒီဇိုင်းများကိုရွေးချယ်ပြီးစိတ်ကြိုက်ဒီဇိုင်းပြင်ဆင်နိုင်ပါသည်။)

၂။ဒီဇိုင်းဖိုင်တင်ရန် ( ပုံနှိပ်ရန်ပြင်ဆင်ပြီးရေးဆွဲပြီးဒီဇိုင်းဖိုင်များတင်ရန်)

၃။စိတ်ကြိုက်ဒီဇိုင်းဆွဲရန် ( သင်ပုံထုတ်မည့်ဆိုဒ်အတိုင်း design tools များသုံး၍ကိုယ်တိုင်ရေးဆွဲရန်)

ပုံနှိပ်စက္ကူ၊ပုံနှိပ်ပစ္စည်းတွေရဲ့အထူကိုတစ်စတုရန်းမီတာရဲ့အလေးချိနိ ( ဂရမ် ) နဲ့တိုင်းတာပြီး GSM ဟုအတိုကောက်ခေါ်ဝေါ်သုံးနှုန်းပါသည်စက္ကူအမျိုးမျိုးမှာအလေးချိန်အထူအပါးအမျိုးမျိုးရရှိနိုင်ပါသည် Letter Head လိုမျိုးစာရေးကိရိယာများကို 80 GSM ဖြင့်အသုံးပြုလေ့ရှိပါသည်။ပိုထူတဲ့အသားများကိုတော့ business card နဲ့ posters တို့လိုမျိုးတွေမှာသုံးစွဲလေ့ရှိပါသည်။

80 gsm မှ 150 gsm အထိအထူရှိသောစက္ကူများကို woodfree paper , Art paper စသည်ဖြင့်ခေါ်ဆိုပြီး 200 gsm အထက်အထူရှိသောစက္ကူများကို card ဟုခေါ်ဝေါ်သုံးစွဲပါသည်။

စက္ကူများနှင့်ပုံနှိပ်ပစ္စည်းများတွင် Gloss ( ​တောက်ပြောင်ချောမွေ့နေသောမျက်နှာပြင် ) နှင့် Matt ( ​အမှိန် ) ဆိုပြီးချောသတ်မျက်နှာပြင်၂မျိုးရှိပါသည် 

ပြောင်သား (Gloss) မျက်နှာပြင်ဟာတောက်ပသောပုံရိပ်များကိုဖန်တီးနိုင်ရန်နှင့်ပိုမိုကြည်လင်ပြတ်သားသောပုံရိပ်များကိုရရှိစေပါသည်။

Vinyl တွေအမျိုးအစားခွဲတဲ့အခါသုံးတဲ့ D ဆိုတာအရှည်က Denier ဖြစ်ပါတယ်။ 300D, 500D စသဖြင့်ပေါ့။ယက်လုပ်ထားတဲ့ဘယ်ပိတ်သားမဆိုသူ့ရဲ့ကြံ့ခိုင်အား(Strength) နှင့်သိပ်သည်းမှု(Density) ကို Denier နဲ့တိုင်းတာပါတယ်။ Vinyl တွေမှာလည်းသူ့ရဲ့အလယ်လွှာမှာကြံခိုင်မှုအတွက် PVC နှစ်လွှာကြားမှာယက်လုပ်ထားတဲ့အလွှာတစ်လွှာပါပါတယ်။

Denier ကိုတိုင်းတာတဲ့ပုံစံကထူးဆန်းတာလေးရှိတယ်။ယက်လုပ်ထားတဲ့ချည်အတိုင်သို့အတန်းရဲ့အလျားလိုက်၉၀၀၀မီတာမှာရှိတဲ့သူ့ရဲ့ weight ကိုဂရမ်နဲ့ပြတာပါ။ဥပမာ - 300D ဆိုရင်ယက်ထားတဲ့ချည်ကမီတာ၉၀၀၀အရှည်မှာ၃၀၀ဂရမ်အလေးချိန်ရှိပါတယ်။ 500D ဆိုရင်တော့၅၀၀ဂရမ်ရှိတာပေါ့။ Denier ပိုများလေပိုခိုင်လေပေါ့။ဒါကြောင့်အကြမ်းခံဖို့လိုတဲ့ Billboard တွေမှာ 500D, 1000D Vinyl သုံးကြတာပေါ့။

အလွယ်ခေါ်တော့ 300D, 500D ဆိုပေမယ့်တကယ်တော့အတိုင် x အတန်းနဲ့ပြကြပါတယ်။ဒီမှာသုံးတဲ့ 300D ဆိုရင်အများအားဖြင့် 200x300 D များပါတယ်။ 

ဒါဆိုရင် Vinyl ဘယ်လောက် D ဆိုပြီးပြောပြောနေတဲ့ Denier အကြောင်းသိလောက်ပါပြီနော်။ 

 

ဒီနေ့တော့ Vinyl အထူအပါးကိုဘာနဲ့တိုင်းတာလဲဆိုတာမပြောခင်မနေ့ကပြောဖို့ကျန်သွားတဲ့ PVC နှစ်လွှာကြားမှာရှိတဲ့ပိတ်သားရဲ့ကြိုးအရေအတွက် (Thread count) ကိုပြောပြပေးပါမယ်။ 300D တို့ 340D တို့မှာရှိတဲ့အလယ်ပိတ်သားနဲ့ 500D မှာရှိတဲ့အလယ်ပိတ်သားမှာပါတဲ့ကြိုးအစိတ်အကြဲမတူတာသတိထားမိမှာပါ။ကြိုးအလုံးအကြီးအသေးကတော့ Denial နဲ့တိုင်းတာပြောပြပြီးပြီနော်။ကြိုးအစိတ်အကြဲကိုတစ်လက်မပတ်လည်မှာရှိတဲ့အတိုင်မှာရှိတဲ့ကြိုးအရေအတွက်နှင့်အတန်းမှာရှိတဲ့ကြိုးအရေအတွက်နဲ့တွက်ပါတယ်။ Vinylတစ်စကိုယူပြီးတစ်လက်မပတ်လည်မှင်နဲ့အကွက်တစ်ကွက်ဆွဲပြီးအထဲမှာရှိတဲ့ကြိုးအရေအတွက်ကိုရေတွက်ကြည့်နိုင်ပါတယ်။ 

300D, 340D တို့မှာ 18x12 (thread count) ရှိပြီး 500D မှာ 9x9 (thread count) ရှိပါတယ်။အဲဒါကြောင့် 500D မှာပါတဲ့ကြိုးကကြဲနေတာတွေ့ရပါမယ်။ခိုင်ခံ့မှုအတွက်ကြိုးဆိုဒ်ကတော့ 500D မှာမီတာ၉၀၀၀မှာ၅၀၀ဂရမ်ရှိတဲ့အတွက်ပိုကြီးတာတွေ့ရပါမယ်။ 1000D မှာကတော့ 18x18 (thread count) ရှိပြီးကြိုးအလုံးကလည်းထူတာကြောင့်ခိုင်ခံ့မှုအကောင်းဆုံးပါ။ 

အထူအပါးကိုဆုံးဖြတ်တာကတော့စက္ကူ၊ Vinyl and Sticker အတူတူပါပဲ။တစ်စတုရန်းမီတာမှာရှိတဲ့အလေးချိန်ဂရမ်နဲ့တိုင်းပါတယ်။ Gram per sq meter (gsm) လို့အတိုကောက်ခေါ်ပါတယ်။လက်ရှိတော့ 300D မှာ 240gsm အသုံးများပြီး 500D မှာ 440gsm နဲ့ 1000D မှာ 510gsm ကိုပြည်တွင်းမှာ standard ထားပြီးသုံးကြပါတယ်။ 

ဒါကြောင့် Vinyl တွေကိုသင့်တော်တဲ့နေရာမှာသုံးဖို့အတွက် Denial(D) Thread Count(T) and Thickness(GSM) သုံးမျိုးနဲ့တိုင်းတာကြည့်ရပါမယ်။

 

Vinyl တွေကိုကြော်ငြာလုပ်ငန်းတွေမှာကျယ်ကျယ်ပြန့်ပြန့်သုံးပါတယ်။ထုတ်လုပ်တဲ့ပုံစံတွေနဲ့အသုံးပြုမယ့်နေရာပေါ်မူတည်ပြီးတော့မျိုးခွဲခြားနိုင်ပါတယ်။

 

  1. Laminating Flex Vinyl

အသုံးများတဲ့ Vinyl အမျိုးအစားဖြစ်ပြီး 300D, 340D, 380D and 500D တွေကိုတော့ Laminating လုပ်တဲ့ပုံစံနဲ့ထုတ်လုပ်ပါတယ်။အပေါ်နဲ့အောက်ဖက် formed PVC 

film ကိုအလယ်မှာကြိုးစတွေနဲ့ယက်ထားတဲ့ပိတ်တစ်ခုကို Hot Roller and Pressure နဲ့ကြိတ်၊အအေးခံပြီးထုတ်လုပ်ထားတာဖြစ်တယ်။ Frontlit, Backlit and Mesh Vinyl ဆိုပြီးထုတ်လုပ်ကြပါတယ်။

 

  1. Calendering Flex Vinyl

Calendering နဲ့ထုတ်လုပ်တဲ့ပုံစံကတော့ PVC powder Liquid plasticizers နှင့်အခြား Raw တွေကိုရောမွှေပြီး Fabric နဲ့ High Temperature Hot Roller ကို Pressure တစ်ခုနဲ့ပြန့်နေအောင်ကြိတ်ပြီးထုတ်လုပ်ထားတာပါ။ဒီလိုထုတ်လုပ်မှုကရလာတဲ့ Vinyl တွေကတော့မျက်နှာပြင်ညီညာပြန့်ပြီးမီးထွန်းလိုက်တဲ့အချိန်မှာတူညီပြီးအလင်းပြန့််အားတူတဲ့မျက်နှာပြင်မျိုးရပါတယ်။ဒါကြောင့် Lightbox တွေမှာသုံးတဲ့ invisible Yarn လို့ခေါ်တဲ့ Yarn Vinyl တွေကိုဒီနည်းစနစ်နဲ့ထုတ်လုပ်ပါတယ်။ 3M ကထုတ်တဲ့ Panaflex တို့ LG ကထုတ်တဲ့ Lexi Flex စတဲ့ Vinyl flex များဟာလည်းဒီလိုနည်းစနစ်နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

  1. PVC Coated Flex

PVC coated flex တွေကိုတော့ပိတ်စရဲ့မျက်နှာပြင်နှစ်ဖက်စလုံးကို Liquid PVCအရည်နဲ့ coated လုပ်ပြီးထုတ်လုပ်တဲ့အချိန်မှာ anti-scrapers လို့ခေါ်တဲ့ဓားသွားများစွာနဲ့မျက်နှာပြင်ညှိပြီးအခြောက်ခံပြီးအေးသွားချိန်မှာထုတ်လုပ်မှုပြီးမြောက်ပြီဖြစ်ပါတယ်။တနည်းအားဖြင့် Knife scraping method လို့လည်းခေါ်ပါတယ်။ 

ဒီလိုထုတ်လုပ်မှုကြောင့်ရတဲ့အားသာချက်တွေကတော့ Vinyl အသားတွင်းသို့စိမ့်ဝင်မှုနည်းခြင်း(anti-permissibility)ဆွဲအားခံနိုင်ခြင်း (tensile resistance)အပေါ်ယံများကွာထွက်မှုမရှိခြင်း (anti-stripping) ဖြစ်ပါတယ်။ဒါ့အပြင် over width ဖြစ်တဲ့ 5m (16.5 ft) အနံထုတ်လုပ်မှုအားလုံးကဒီစနစ်ကိုသုံးပြီးထုတ်ပါတယ်။ 

အခု Xenonကသုံးနေတဲ့ 1000D Vinyl တွေကိုဒီစနစ်နဲ့ထုတ်တဲ့အတွက်ရေရှည်ထားပြီးသုံးမယ့် Shop Sign များ၊ Billboard များနှင့် Fencing Cover များအတွက်သင့်တော်ပါတယ်။

ပုံနှိပ်ခြင်း

အကောင်းဆုံးပုံနှိပ်လုပ်ငန်းစဉ်အားလုံးအတွက်လိုက်ဖက်ညီသည့်CMYK color အရောင်များဖြင့်အဓိကအသုံးပြုပါသည်။

အကောင်းဆုံးပုံနှိပ်အရည်အသွေးအတွက် output pdf resolution မှာ 300dpi ဖြစ်ပါသည်။  

Large Format Printing အတွက်အနည်းဆုံး 150 dpi လိုအပ်ပါတယ်။

ကျွန်ုပ်တို့သည် အောက်ပါပုံနှိပ်နည်းလမ်းများကိုအသုံးပြုပါသည်။

Solvent 

Solvent base ink ကိုအသုံးပြုပြီးပုံနှိပ်ထားပါသည်။မြန်နှုန်းမြင့်စက်ကြီးများကိုအသုံးပြုထားသည့်အတွက်အရည်အသွေးကောင်းမွန်ပြီးစျေးနှုန်းသက်သာသည့်အတွက်ဗီနိုင်းကဲ့သို့သောပစ္စည်းများတွင်အသုံးများပါသည်။

 

Eco Solvent

အရည်အသွေးကောင်းမွန်ပြီး 1440 dpi ပုံနှိပ်နိုင်သည့် Mimaki (Japan)စက်များကိုအသုံးပြုပုံနှိပ်ပါသည်။ Sticker များ၊ 380D Vinyl များတွင်အသုံးများပါသည်။

 

UV

ပုံနှိပ်နည်းပညာမြင့်မားလာခြင်းရဲ့ပြယုတ်တစ်ခုဖြစ်ပြီးအရည်အသွေးအထူးကောင်းမွန်ပါသည်။ Outdoor တွင်၁၈အာမခံပေးပါသည်။ Fuji Film စက်ကြီးများကိုအသုံးပြုထားပြီးအဖြူရောင် (white ink) အပါအဝင် C,M,Y,K,LC,Lm အရောင်ရောင်ပုံနှိပ်သောစနစ်ဖြစ်ပါသည်။ပုံရိပ်များရဲ့ Density ကိုအမြင့်ဆုံးပုံဖော်ပေးနိုင်ပြီး UV lamp ကိုသုံး၍အခြောက်ခံခြင်းကလည်းပုံနှိပ်ပြီးဆေးကပ်ခြင်းကဲ့သို့ပြဿနာများကိုဖြေရှင်းပြီးဖြစ်ပါသည်။ 

အကျယ်၁၆.ပေထိရိုက်နှိပ်နိုင်ခြင်းကလည်းဆက်ရာမပါပုံနှိပ်နိုင်တဲ့ထူးခြားချက်ဖြစ်ပါသည်။

 

 

Latex

HP ရဲ့နည်းပညာမြင့်ပုံနှိပ်ထုတ်ကုန်တစ်ခုဖြစ်ပြီးအနံ့မရှိခြင်း၊သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိသည့်မှင်ကိုအသုံးပြုထားခြင်းစသည့်အချက်တွေကသဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်အလေးထားတဲ့ Corporate Business များအတွက်ဖြစ်ပါသည်။ HP Latex 3100 Printer ကြီးကိုအသုံးပြုပြီးပုံနှိပ်ထားသော Sticker များ၊ Wallpaper များနှင့်ပုံနှိပ်ထုတ်ကုန်များအားလုံးဟာ Indoor တွင်အသုံးပြုရာ၌အနံ့မရှိခြင်းနှင့် Eco Logo and GreenGuard Gold certified ဖြစ်သဖြင့်စိတ်ချစွာသုံးစွဲနိုင်ပါသည်။ Scratch Proof နည်းပညာပါဝင်ပြီး Indoor and Outdoor ()မျိုးလုံးတွင်အသုံးပြုနိုင်ပါသည်။ 

 

Sublimation 

Sublimation Printing မှာစက္ကူတွင်ဦးစွာရိုက်နှိပ်ပြီးအပူဖြင့်ပုံကူးယူသည့်ပုံနှိပ်စနစ်ဖြစ်ပါသည်။ Epson and Mimaki ရဲ့ Original မှင်များကိုသာအသုံးပြုပြီးထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက်အရည်အသွေးသာမကလူသုံးကုန်ပစ္စည်းများတွင်ပါစိတ်ချစွာ 

သုံးစွဲနိုင်ပါသည်။

 

Digital Press

Short Run Printing များအတွက်ပုံနှိပ်အရည်အသွေးကောင်းမွန်ပြီးမြန်ဆန်စွာပုံနှိပ်နိုင်ပါသည်။အရေအတွက်အနည်းဆုံးဖြင့်ပုံနှိပ်နိုင်ပါသည်။ Konica Minolta Press C1000 နှင့် Fuji Xerox စက်ကြီးများဖြင့်ပုံနှိပ်ပေးပါသည်။

စျေးနှုန်း

တစ်ခုစီရဲ့စျေးနှုန်းအနေနဲ့မဟုတ်ပဲအသုံးပြုမည့်ပုံနှိပ်နည်းလမ်း၊အသုံးပြုမည့်ပစ္စည်း၊အချောသတ်လုပ်ငန်းစဉ်များ၊အရေအတွက်၊ဆိုဒ်တို့ကိုမူတည်ပြီးအသေးစိတ်တိကျစွာတွက်ချက်ပေးပါသည်။ပို့ဆောင်မှုပေါ်မူတည်ပြီးလည်းပို့ဆောင်ခတွက်ချက်ပေးပါသည်။စျေးနှုန်းတောင်းခံမှုရှိပါကလည်းပြန်ကြားပေးပါမည်။

ငွေပေးချေမှု

Xenon သို့ KBZ Pay သုံး၍ QuickPay မှငွေပေးချေပုံအဆင့်ဆင့်

၁။ KBZ Pay App ကိုဖွင့်၍ QuickPay ကိုရွေးပါ။

၂။အရောင်းဆိုင်နာမည်ဖြင့်ရှာပါနေရာတွင်Xenonဟုရိုက်ပါ။

၃။ Xenon Co.,Ltd ကိုရွေးပါ။

၄။လိုအပ်သောနေရာများတွင်ဖြည့်ပါ။ပြေစာနံပါတ်၊အကြောင်းအရာ၊ငွေပမာဏတို့ကိုသေချာစွာဖြည့်ပြီးငွေပေးသွင်းနိုင်ပါပြီ။

 

Xenon သို့ KBZmBanking သုံး၍ QuickPay မှငွေပေးချေပုံအဆင့်ဆင့်

၁။ KBZ mBanking App ကိုဖွင့်၍ QuickPay ကိုရွေးပါ။

၂။အရောင်းဆိုင်နာမည်ဖြင့်ရှာပါနေရာတွင်Xenonဟုရိုက်ပါ။

၃။ Xenon Co.,Ltd ကိုရွေးပါ။

၄။လိုအပ်သောနေရာများတွင်ဖြည့်ပါ။ပြေစာနံပါတ်၊အကြောင်းအရာ၊ငွေပမာဏတို့ကိုသေချာစွာဖြည့်ပြီးငွေပေးသွင်းနိုင်ပါပြီ။

2C2P ဟာ Payment Gateway တစ်ခုဖြစ်ပါတယ်။ E Commerce  ငွေပေးချေမှုများမှာအရေးပါတဲ့ငွေချေတဲ့လုပ်ငန်းဆောင်တာများကိုလုပ်ဆောင်ပေးပါတယ်။ Credit Card, Debit Card, MPU, KBZ Pay, AYA Pay, CB Pay များအပြင် Bank Counter ပေးချေမှုများကိုပါ Gateway တစ်ခုတည်းမှစိတ်ချစွာပေးချေနိုင်သော Payment Gateway တစ်ခုဖြစ်ပါတယ်။

KBZ Bank ရဲ့ iBanking, mBanking & KBZ pay တို့တွင်ပါဝင်သော Quick Pay မှတစ်ဆင့်Xenon Co Ltdကိုရွေးပြီးငွေပေးချေနိုင်သောနည်းလမ်းဖြစ်ပါတယ်။