Reflective Printing (Large Format Printing)

Reflective Printing
ရောင်ပြန်ဗီနိုင်း/ရောင်ပြန်စတစ်ကာများသည် အလင်းပြန်စေသည့် အရည်အသွေးရှိပြီး အတွင်းအပြင် ဆိုင်းဘုတ်အမျိုးမျိုးတို့ကိုကော်ကပ်အားကောင်းစွာကပ်နိုင်သောကြောင့် အရွယ်အစားကြီး စတစ်ကာအမျိုးမျိုးပြုလုပ်ရန် အထူးသင့်လျော်ပါသည်။ ချောမွေ့ညီညာသောမျက်နှာပြင်အားလုံးနီးပါးတွင်ကပ်နိုင်သဖြင့် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်ပြီး ရောင်ပြန်ဗီနိုင်းများ၏ ပုံရိပ်များကို အရောင်ရင့်များနောက်ခံ၍ တောက်ပသည့်ငွေမှင်ရောင်နှင့် ရိုက်နှိပ်ပါက ပိုမိုပေါ်လွင်စေပါသည်။ ရောင်ပြန်နောက်ခံပေါ်တွင် အရောင်ရင့်တင်ခြင်း၊ အနက်(သို့) အရောင်ရင့်နောက်ခံပေါ်တွင် တောက်ပသောအရောင်များရိုက်နှိပ်ခြင်းဖြင့် ဒီဇိုင်းနှင့်စာသား များကိုထင်ရှားလှပစေပြီး Xenon ၏ရောင်ပြန်ဗီနိုင်း၊စတစ်ကာများကို နောက်ဆုံးပေါ် နည်းပညာမြင့် အရွယ်အစားကျယ်သော စက်များအသုံးပြုပြီး ပုံနှိပ်ပါသည်။ ကိုယ်တိုင်ကပ်နိုင်သော ရောင်ပြန်ဗီနိုင်းနှင့်စတစ်ကာများကို လိုချင်သည့်ပုံသဏ္ဍာန် အရွယ်အစား အားလုံးနှင့်ရနိုင်အောင်လည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
To start, select the product size, preview the design guidelines, download the guidelines for reference, and proceed with the customization options.









